နေပြည်တော်မှာ..ဘာကားပြ

Thursday, February 18, 2010

ဒီညနေ လမ်းလျှောက်ထွက်တော့
မညီမညာ ပလက်ဖောင်းတွေကို သတိရမိတယ်
ဆူးလေက ဒေါ်ရိတ်ကြီး
လသာက ၃၀၀ တန်ဆီချက်နဲ့
တနေ့ ထမင်း နှစ်နပ်စား
လူဖြစ်တာချင်းတူတူကို
သူတို့များကျတော့
လမ်းကောင်းကောင်းလျှောက်နိုင်ရက်

traffic ဖြစ်တဲ့လမ်းပေါ်မှာ
ကားတွေတမ်းစီလို့
မမောမပန်း လမ်းလျှောက်တာ
ကျွန်တော်တစ်ယောက်တည်းပါလား...

အချိန်မှန်နေ၀င်တဲ့ လမ်းတွေ
အချိန်မှန် ကြယ်စင်တွေ ခိုးဝှက်ဖို့
မှာယွင်းစွာဆုံးဖြတ်မိလည်း
လှမ်းမီးတိုင်မရှိတဲ့အရပ်မှ
ရှပ်ဘဲတောင် ပုဆိုးဂွင်းသိုင်းလို့
ပုလင်းဆွဲ အတင်းဆဲ
မရှင်းပဲထားတဲ့ ဇတ်ထုတ်တွေကို
အပေါယံ ဂျိုကြည့်ကြည့်လို့
စိုစိစိ လမ်းပေါမှာ
လှမ်းအော်တာ.......

အမေရေ.....သားမေးမယ်
နေပြည်တော်မှာ...
ဘာကားပြနေလဲလို့....

လွင်ပြင်

0 comments: